Tuesday, December 25, 2012

ဒီတစ်ခါ မတူတာက ရှင်းနေတယ် ဆိုတဲ့အကြောင်းရေးပေးလိုက်တယ်။



အမေရိကန်နိုင်ငံ ကွန်နက်တီကက်ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ခုမှာ ၂၀၁၂
ခှနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ အရူးတစ်ယောက်ကြောင့် ကလေးငယ်များအပါအ၀င် လူ
၂၀ ကျော် သေဆုံးခဲ့လို့ သမ္မတ အိုဘားမားက အိမ်ဖြူတော်အဆောက်အအုံ နှင့်
စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေမှာ နိုင်ငံတော်အလံကို
တစ်ဝက်လွှင့်ထူခိုင်းခဲ့တယ်။ ထိုသူတွေရဲ့အသက်ကို
တန်ဖိုးထားကြောင်းရှင်းနေပါတယ်။

သို့သော်..
မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ လဂျားယန်ဒေသမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄
ရက်နေ့မှာ စစ်အာဏာရူးတစ်ယောက်ကြောင့် ဗမာစစ်သား (ကလေးစစ်သားများအပါအ၀င်)
လူ ၁၀၀ ကျော် ဒဏ်ရာရ၊ သေဆုံးသွားခဲ့သော်လည်း သမ္မတ သိန်းစိန် (ထိန်းလိမ်)
ကောင်ကတော့ နိုင်ငံတော်အလံကို သတိတောင် မရဘဲ အေးအေးဆေးဆေးနေပြီး နောက်ထပ်
အကြံအဖန် စစ်တပ်တွေသွားသေဖို့ စစ်အာဏာရူး ထွန်းထွန်းနောင် က အလောတကြီး
လုပ်နေတာကို သိလျက်နဲ့ ဘာမှ ၀င်မပြောတာက တော့ လူ့အသက်တွေကို
တန်ဖိုးမထားကြောင်း ရှင်းနေပါတယ်။
BY:PETER MOE