Wednesday, December 5, 2012

ဗမာနိုင်ငံရှိ နာမည်ကြီး ခေါင်းဆောင်တွေရဲ့ မတူသော နာမည်ပြောင်

ဗမာနိုင်ငံရှိ နာမည်ကြီး ခေါင်းဆောင်တွေရဲ့ မတူသော နာမည်ပြောင် "
Nickname" လေးတွေကို
 ရေးပေးလိုက်တယ်။

သမ္မတ သိန်းစိန် ရဲ့ နာမည်ပြောင်ကတော့ သမ္မတ ထိန်းလိမ်ပါ။
ဘာကြောင့်လဲဆိုရင် သူက နိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို ထိန်းထိန်းသိမ်းနဲ့
လိမ်လည်ပြောဆိုပြီး အုပ်ချုပ်နေတဲ့သူဖြစ်လို့ ဦးသိန်းစိန်ကနေ
ဦးထိန်းလိမ် ဖြစ်သွားတာပါ။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်တစ်ယေက်ဖြစ်တဲ့
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းရဲ့ နာမည်ပြောင်ကတော့ ဦးဗြောင်ငြင်းတဲ့။
အကြောင်းရင်းကတော့ ပင်လုံစာချုပ်အရ ပြောဆိုဆွေးနွေးမယ်ဆိုရင် သူက
ဗြောင်ကျကျ ငြင်းပြီးပြောတတ်တဲ့အတွက်ကြေင့် ဦးအောင်မင်း ဟာ
ဦးဗြောင်ငြင်း ဖြစ်သွားတာပါ။

ဒုသမ္မတ စိုင်းမောက်ခမ်း ရဲ့ နာမည်ပြောင်ကတော့ ရိုင်းကောက်စမ်းတဲ့။
ငယ်ငယ်က ခပ်ရိုင်းရိုင်းဘဲ သူငယ်ချင်းတွေနဲ့ ဆက်ဆံခဲ့တယ်။
ကောက်ကျစ်စဉ်းလဲတတ်ပြီး သမ္မတရာထူးအတွက် စမ်းတ၀ါးဝါဖြစ်နေတဲ့သူဖြစ်လို့
စိုင်းမောက်ခမ်း ရိုင်းကောက်စမ်းလို့ဖြစ်သွားတာ
ပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ နာမည်ပြောင်ကတော့ သန်းရွှေ ကြမ်းမွှေ တဲ့။
သူက  ၂၀၀၇ ခုနှစ်မှာ ဘုန်းကြီးတွေကို ကြမ်းကြမ်းတမ်းတမ်းဘဲ မွှေနှောက်ကာ
ရှင်းလင်းခဲ့တဲ့အတွက် သန်းရွှေ ကြမ်းမွှေဆို ပြီးခေါ်တာပါ။

နောက် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ နာမည်ပြောင်က ဖြောင်ပြေးတဲ့။
သူက ရသမျှ ရွှေတွေ၊ ဒေါ်လာတွေနဲ့ ပိုက်ဆံတွေကို စာရင်းတွေဖြောင်ပြီး
ပြေးသွားတော့ မောင်အေး ဖြောင်ပြေးလို့ ချစ်စနိုးလေးခေါ်ကြတာပေါ့။

သူရရွှေမန်းရဲ့ နာမည်ပြောင်လေးကတော့ ထူအပွေရမ်းတဲ့။ သူကတော့
လူ့အခွင့်အရေးနဲ့ပတ်သက်လာရင် ထူထူအအ ဖြစ်သွားလေ့ရှိတယ်။ ပြီးတော့
မိန်းမပွေချက်ကတော့  လူရမ်းကားတွေတောင် လက်ဖျားခါရလောက်အောင်ကို
ရှုပ်ခဲ့တာကြောင့် သူရရွှေမန်း ထူအပွေရမ်းဆိုပြီး နာမည်ရသွားတာပေါ့။
နောက်ဆုံး အောင်ဆန်းဆုကြည်ရဲ့ နာမည်ပြောင်လေးကလည်း စိတ်ဝင်စားစရာကောင်းမယ်ထင်တယ်။

မင်းအောင်လှိုင်ရဲ့ နာမည်ပြောင်ကတော့ ခင်းထောင်ငိုင် တဲ့။ သူက
ကချင်ပြည်မှာ စစ်ကို အကြီးအကျယ် ခင်းကျင်းနေပြီး စစ်ရှုံးပြီးပြန်လာတဲ့
ဗိုလ်မှူးတွေကို ထောင်ထဲပို့၊ ကာ သူကိုယ်တိုင်ကျတော့
စစ်ကိုအနိုင်မတိုက်နိုင်လို့ ညညကျ မိန်းမနဲ့တောင်
ကောင်းကောင်းမအိပ်ရလောက်အောင် ငိုင် နေတတ်လို့ မင်းအောင်လှိုင်
ခင်းထောင်ငိုင်လို့ ပြောရတာပါ။
အောင်ဆန်းဆုကြည် ရှေင်မှန်းလုပြည်တဲ့။ အကြောင်းကတော့ ကချင်အရေး၊
ရခိုင်အရေးတွေကို ခပ်ရှေင်ရှေင်နေပြီး အဲဒီအရေးအတွက် မှန်းဆ
ချင့်ချိန်ပြောဆိုခဲ့တယ်။ ဗမာစစ်တပ်က အချို့သော စစ်ဗိုလ်တွေကတော့ သူ့ကို
လူ့ပြည်မှာ မနေခိုင်းစေချင်ကြတော့ဘူးလေ။ ဒါကြောင့် အောင်ဆန်းဆုကြည်
ရှေင်မှန်းလူ့ပြည်လို့ ပြောရတာပါ။
by: petermoe