Thursday, December 13, 2012

ငရဲကိုစိန်ခေါ်ခြင်း

  Myitrum manang ni , M Ga shagawp langai bai ka dat ai. Laklai shiga        langai ,Manmaw ,Namhkam lam ntsa na kaihtik makau, Mungshawa hpyenla marai 7 hte M ni marai 300,December praw 10 ya shani gap hkat ma yang , M ni sum taraw mat nna, hprawng dumbre koi yen mat shajang ma ai majaw, padang dip la lu ai da. M ni hprawng kau da ai shara hkan sa gawan yu yang , manu n dan ai di hangkaw ni sha lu hta la ma ai lam chye lu ai.( Jarit hpundung de na hpyen-yen ni a matu kyu hpyi dum ga yaw .Grai kashung ma ai da.)
JIC

ငရဲကိုစိန်ခေါ်ခြင်း
အကြံကုန် ဂဋန်ဆားချက်
မနှစ်တုံးက တကြိမ်
တိုင်းတပါးသူတော်စင်ဘုန်းကြီးနဲ့
ဗေဒင်ဝိုင်းမေးကြသတဲ့။
ကချင်နဲ့ ဘယ်လိုကိန်းလဲ?
သူတော်စင် ဗေဒင်အဟော
သိန်းစိန်ကြိုက်တဲ့ ကိန်းမပြော။
“ကချင်ကို မတိုက်ရင်ကောင်းမယ်
ဘယ်လိုတိုက်တိုက် မနိုင်ဘူး”တဲ့လေး။
“ဘာဖြစ်လို့လဲ? ဘာဆောင်ကြလို့လဲ့?
သူတို့လက်တဆုပ်စာဘဲ။”
“လက်တဆုပ်စာပေမယ့်
လိပ်ပြာဖြူငါးကောင်ပါနေတယ်ကွဲ့” တဲ့
နောက်တကြိမ် ဒီနှစ်မှာ၊
မြန်မာဘုန်းကြီးကို ထပ်မေးရှာ၊
“ ကချင်ကို မတိုက်သင့်ဘူး။
နိုင်မှာလည်းမဟုတ်ဘူး” ဟောပြန်သတဲ့လေး။
“ ဘာ့ကြောင့်မနိုင်ရမှာလဲ?
ကျုပ်တို့က အများကြီးဘဲ”
“မှန်ပါတယ် အများကြီး။ သူတို့ဘက်မှာလည်း
ဖြူဖြူတွေအများကြီးဘဲ” တဲ့
နောက်ပြီးဆက်ပြောသေး
မြောက်ဘက်ကိုထိလေ
နောက်ဘက်နာလေဖြစ်လိမ့်မယ်…တဲ့။
တောက်! မသာဘုန်းကြီး
သေခါနီးနေပြီ။
မဖြစ်နိုင်တာတွေလျှောက်ပြော
လူ့ဘ၀မှာ မဟောနဲ့။
ဟိုး! ဘ၀ခြားမှာသွားဟောပေတော့၊
ဗေဒင်အဟောကောင်းတဲ့
သူတော်စင်ဘ၀ ဇါတ်လမ်း
ဒီတင် ဇါတ်သိမ်းပိုင်းပါဘဲ…တဲ့။
မနော်မြေ - စိန်
(၁၃.၁၂.၂၀၁၂)