Sunday, December 23, 2012

မတူသော ရည်ရွယ်ချက်များ

ဒီတစ်ခါ မတူသော ရည်ရွယ်ချက်များ အကြောင်း ရေးပေးလိုက်တယ်။

ဗမာသမ္မတ သိန်းစိန် (ထိန်းလိမ်) အုပ်စု က နိုင်ငံရေးမျက်နှာပန်းလှဖို့
ရည်ရွယ်ချက်နဲ့ အကျဉ်းသားတွေကို
လွတ်ပေးခဲ့တယ်။
သို့သော်..
ကေအိုင်အေ ရဲဘော်များကတော့ ဗမာအစိုးရကို ဆုံးမဖို့ ရည်ရွယ်ချက်နဲ့
အကျဉ်းသားတွေကို လွတ်ပေးခဲ့တယ်။

သမ္မတရုံး ၀ံကြီး အောင်မင်း (ဗြောင်ငြင်း) ဆိုတဲ့ကောင် လုပ်နေတဲ့
ငြိမ်းချမ်းရေး အဖွဲ့က ဗမာစစ်တပ်တွေ
ထိုးစစ်အကြီးအကျယ် ဆင်ခါနီးတိုင်း တစ်ဖက်လှည့် ရည်ရွယ်ချက်နဲ့
ငြိမ်းချမ်းရေးစကားပြောဖို့ ကမ်းလှမ်းလေ့ရှိတယ်။
သို့သော်....
အေအိုင်အို အစိုးရမှ ဆွမ်လွတ်ဂမ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး အဖွဲ့ကတော့
နှစ်ဖက်လှ ရည်ရွယ်ချက်နဲ့  စစ်ရေးအတွက်ရော၊
ငြိမ်းချမ်းရေးစကားပြောဖို့အတွ
က်ပါ ပညာသားပါပါ
ပြန်လှည်တုံ့ပြန်လေ့ရှိတယ်။

KIA စစ်တပ်က သူတို့ဖမ်းမိထားတဲ့ ဗမာစစ်သားတွေကို ကောင်းကောင်းမွန်မွန်
မေးမြန်းပြီး၊
ဒဏ်ရာရသူတွေကို ကောင်းမွန်စွာ ပြုစုပေးနေတာဟာ မြင့်မြတ်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်။
သို့သော်....
ဗမာစစ်တပ်ကတော့ သူတို့ဖမ်းမိထားတဲ့ ကချင်စစ်သားများနှင့် အရပ်သားများကို
မတရားဖမ်းဆီး၊နှိပ်စက်၊
သတ်ဖြတ်နေတာဟာ ယုတ်ညံ့တဲ့၊ယုတ်မာသော ရည်ရွယ်ချက်ဖြစ်တယ်။
By: peter moe