Wednesday, December 23, 2015

KIA က ဖားကန့်က တက်ကြွလှုပ်ရှားသူ Myu Sha Zinlum အဖွဲ့ဝင် ၆ ယောက်ကို ဖမ်းသွားတယ် ဆိုပြီး သတင်းတွေ ပလူပျံနေ တာ/ဖမ်းတဲ့ သဘောမျိုးတော့ မဟုတ်ဘူး။ အစည်းအဝေးလို့ ပြောတယ်။” တဲ့။

KIA က ဖားကန့်က တက်ကြွလှုပ်ရှားသူ Myu Sha Zinlum အဖွဲ့ဝင် ၆ ယောက်ကို ဖမ်းသွားတယ် ဆိုပြီး သတင်းတွေ ပလူပျံနေတော့ ဂျီးဒေါ်လည်း အလုပ်ရှုပ်တယ်။
ဖြစ်ချင်တော့ အဖမ်းခံရတယ် လို့ပြောတဲ့ အုပ်စု ထဲက တယောက်ရဲ့ ဇနီးသည်က အဲဒီအချိန်မှာ ဂျီးဒေါ်နဲ့အတူတူ ရှိနေတယ်။ ရန်ကုန်မြို့မှာ CSO Forum အပြီးမှာ သတင်းထောက်တွေနဲ့ ပေးတွေ့ ပေးလိုက်သေးတယ်။ တခြားသော အဖွဲ့ဝင် ၄ ယောက်လည်း အတူတူ ရှိနေခဲ့ကြတယ်။
”တကယ်ဖမ်းသွားသလား?” ဆိုတော့ ”မသိဘူး၊ ဆွေးနွေးဖို့ ခေါ်သွားတယ် လို့တော့ ပြောတယ်၊ ဖုန်းလည်း ပြောလို့ ရနေတယ်” တဲ့။
KIO ဖက်ကို သတင်းရဖို့ Technical Advisory Team ကလည်း အားလုံး လိုင်ဇာမှာ ရောက်နေတယ် ဆိုတော့ Peace Talk Creation Group က ဦးလမိုင်ဂွမ်ဂျာ ကို လှမ်းပြီး ချိတ်ဆက် မေးတဲ့အခါမှာတော့.....
”မဖမ်းပါဘူးတဲ့။ အခုတလော ဖြစ်နေတဲ့ ကိစ္စတွေက သိပ်များနေတယ်ဆိုတော့ အရပ်ဘက် အဖွဲ့အစည်းတွေက ဘာတွေ ဘယ်လို လုပ်နေသလဲ ဆိုတာ သိချင်တာရယ်၊ ဆွေးနွေးတိုင်ပင်ချင်တာရယ်ကြောင့် ခေါ်သွားတာပါ လို့ ပြောတယ်” တဲ့
ဒေသခံ အသင်းတော်ခေါင်းဆောင် အကြီးကြီးကို လှမ်းမေးကြည့်တော့
”မဖမ်းဘူး။ ဆွေးနွေးဖို့ ဆိုပြီး ခေါ်သွားတယ်။ မြေဇာပုံ ပြိုတာက ဆက်တိုက် အကြီးအကျယ် နှစ်ခါဖြစ်တယ်။ မြေတူးစက်၊ ယာဉ်တွေ စက်ကရီယာတွေက က အများကြီးဝင်လာ၊ မူးယစ်ဆေးဝါးကိစ္စတွေကလည်း အများကြီး ဆက်တိုက်ဖြစ်၊ လူတွေကိုလည်း ကုမ္မဏီယာဉ်တွေ တိုက်သတ်တာကလည်း တပါတ်ကို ၂ ယောက်နှုန်း လောက် ဖြစ်နေတော့ ပြည်သူလူ ဘယ်လို လုပ်နေသလဲ ဆိုတာလည်း သိချင်လို့ ဆွေးနွေးဖို့ လာခေါ်တယ်။ တဲ့။
ဒီမနက် ဒေါ်ကိုင်ရာ လည်း ဖားကန့်ကို ပြန်ရောက်ပြီမို့ ဖုန်းနဲ့ လှမ်းပြောတယ်။
”အမျိုးသားနဲ့လည်း အဆက်အသွယ် ရပါတယ်။ ဖုန်းလည်း မသိမ်းပါဘူး။ ဖမ်းတဲ့ သဘောမျိုးတော့ မဟုတ်ဘူး။ အစည်းအဝေးလို့ ပြောတယ်။” တဲ့။
အခုလုပ်ရပ်မှာ KIO အထက်အရာရှိများက အစည်းအဝေးခေါ်ဖို့ ဖိတ်ခိုင်းလိုက်တယ် လို့ပြောပြီး အောက်မှာတော့ ဖမ်းတယ်လို့ ပြောတာကို သုံးသပ်ကြည့်ရင်တော့ KIA ရဲ့ Diplomacy အားနဲမှု နဲ့ မြင်သာသွားတယ်။ ဖမ်းခိုင်းတာနဲ့ ဆွေးနွေးဖို့ ခေါ်ခိုင်းတာရဲ့ ကွာခြားချက်က မကွဲပြားဘူး။ ဒေသခံအစိုးရတရပ်အနေနဲ့ မိမိ မိတ်ဖက် ဖွဲ့ရမဲ့ ပြည်သူထဲက CSO တွေ အထိတ်တလှန့် ဖြစ်သွားအောင် လုပ်ဆောင်မိတယ်။ မိမိ လူတွေရဲ့ လူထု ဆက်ဆံရေး Capacity ကို မြှင့်တင်ပေးဖို့ အရင်စလို လိုအပ်နေပြီ။
KIO ဆက်ကြေးကောက်တယ်နာမည်ကြီးပေမဲ့ တကယ်တမ်း ကြုံးသွားတာက ဒေသခံ တရားဝင် ရသင့်တဲ့ KIO က နည်းပြီး အောက်ပြည်အောက်ရွာက ဗိုလ်ချုပ်ကြီးများ နဲ့ မိသားစုများ၊ တရုတ်များ များနေတယ်။ သူတို့ပိုင် ယာဉ်ကြီးတွေနဲ့ တိုက်သတ်လိုက်တဲ့ လူအရေအတွက်နဲ့ မြေဇာပုံ ပိပြီး သေတဲ့ အရေအတွက်လည်း စစ်ပွဲမှာ သေတဲ့ အရေအတွက်ထက် များနေတယ်။
KIA နဲ့ တိုက်ပွဲဖြစ်လို့ ကျောက်စိမ်း မတူးရပါဘူး။ လုပ်ငန်း ရပ်ဆိုင်းလို့ နစ်နာပါတယ် ဆိုပြီး သတင်းထဲမှာ ဖွပြီး လမ်းဖွင့်ခိုင်းနေကြတာလည်း မြန်မာ့ မီဒီယာများနဲ့၊ မြန်မာနိုင်ငံ အစိုးရနဲ့ မြန်မာနို်င်ငံပြည်သူတွေဘဲ ဖြစ်ခဲ့တယ်။ အကယ်၍ KIO သာ တူးစားပြီး မိမိတပ်မတော်အကျိုးအတွက် နဲ့ မိသားစု အကျိုးအတွက်ချည်း သုံးစွဲမယ် ဆိုရင် အခုအချိန်အထိ တောင် ကျန်နေမှာ မဟုတ်။
ဒေသခံ CSO ဖြစ်တဲ့ Myu Sha Zinlum နဲ့ KIO ပူးပေါင်းပြီး bergaining လုပ်မယ် ဆိုရင်တောင် Myu Sha Zinlum အဖွဲ့က ၁၇/၁ နဲ့ မိအုံးမယ်။
Myu Sha Zinlum အဖွဲ့အနေနဲ့လည်း မိမိတို့ ဖားကန့်ဒေသက ပြည်သူလုထုနဲ့သာမက မြန်မာနိုင်ငံက အခြားသော သယံဇာတ အရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေးမှာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ လိုအပ်သလို မိမိတို့ရဲ့ Advocacy Skill ကိုလည်း မြှင့်တင်ဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ ရင်ဆိုင်နေရတဲ့ ကုမ္မဏီကြီးများ ဆိုတဲ့ အထဲမှာ Global Witness အစီရင်ခံစာထဲမှပါတဲ့ ၂၀၁၄ အတွင်း ၃၁ ဘီလျံဒေါ်လာကို ၀ိုင်းပြီး သမ လိုက်ကြတဲ့ ဦးသန်းရွေ၊ ဦးအုံးမြင့်။ ဝေရှောက်ခန်း၊ ဦးမောင်မောင်သိမ်း တို့အပြင် ဒေါ်အောင်ဆန်းစုကြည်နား ရောက်နေတဲ့ ဦးတေဇ၊ တိုးနိုင်မန်း၊ ဝေရှောက်ခန်း၊ ဇော်ဇော် တို့လည်း ပါနေသေးတယ်။ အစိုးရနဲ့ ခရိုနီ တသားတည်း ဖြစ်နေတဲ့ ပူးနေတဲ့ တိုင်းပြည်မှာ ပြည်သူ တဖွဲ့အနေနဲ့ အားကိုးရာမဲ့ပါဘဲ။ ဥာဏ်ကူမှ ရမယ်။
မြန်မာနိုင်ငံ တ၀ှမ်းလုံးက မိဘပြည်သူ အားလုံးကလည်း ဖားကန့်အရေးကို နိုင်ငံ့အရေးလို ၀ိုင်းကြည့်ပြီး စောင့်ရှောက်မှ ရမယ်။ တနိုင်ငံလုံးမှာ ဖားကန့်လောက် ၀င်ငွေအများဆုံး သယံဇာတ ပေးနိုင်တဲ့ နေရာ မရှိသလို နိုင်ငံဖွံ့ဖြိုးရေးအတွက် အသုံးချနိုင်ရင် အားလုံးအတွက် အကျိုးရှိမယ်။
ဘာဘဲဖြစ်ဖြစ် ကေအိုင်အိုက အရပ်သားများကို ဖမ်းသည်ဖြစ်စေ၊ မဖမ်းသည်ဖြစ်စေ၊ မျက်ချည်မပြတ်ရမှာက ဖားကန့်က လုပ်ငန်းရှင်တွေဘယ်သူလဲ၊ စက်ကရိယာ ကိစ္စ ဘယ်လို ဖြေရှင်းမလဲ၊ နောက်အစိုးရ မတက်ခင်အကုန် မထုတ်သွားအောင် ဘာလုပ်ကြမလဲ ၊ နောက်ထပ် ဆုံးရှုံးမှု မဖြစ်အောင် ဘာလုပ်ကြမလဲ၊ မြေစာပုံ လူထပ်မပိအောင်၊ ကုမ္မဏီ ယာဉ်တွေ လူထပ်မတိုက်အောင် ... ဘာလုပ်ကြမလဲ.... ဆိုတဲ့ ဆိုတဲ့ ခေါင်းစဉ်မျိုး ဖြစ်ပါတယ်.... လမ်းဘေးမှာ ခွေးနှစ်ကောင် ကိုက်ရင်တောင် လာရင်းကိစ္စဖြစ်တဲ့ အလှူပွဲကို မေ့ပြီး တမေ့တမော ငေးကြည့်တတ်တဲ့ မြန်မာနိုင်ငံသားများ အပေါင်းတို့။။