Wednesday, December 26, 2012

ဒီတစ်ခါ မတူသော မသာများ အကြောင်း ရေးပေးလိုက်တယ်။



                  KIA နဲ့ ဗမာ စစ်တပ်ကြား
တစ်နှစ်ကျော်ကျော်ဖြစ်ပွားခဲ့တဲ
့ စစ်အတွင်း.....

KIA ပြည်သူ့စစ်တွေ ပစ်သတ်လိုက်လို့ မသာ ဖြစ်သွားခဲ့တဲ့ ဗမာစစ်သားတွေရှိတယ်။

ဗမာခြေလျင်တပ် အချင်းချင်း မှားယွင်း ပစ်ခတ်ပြီး မသာ ဖြစ်သွားတဲ့
ဗမာစစ်သားတွေရှိခဲ့တယ်။

KIA တွေ ထောင်ထားခဲ့တဲ့ နင်းမိုင်း နင်းမိလို့ မသာ ဖြစ်သွားတဲ့
ဗမာစစ်သားတွေလည်းရှိသေးတယ်။

သင်းအုပ်ဆရာတစ်ယောက်ရဲ့ ဒညင်းသီးခြံကနေ ဒညင်းသီးခိုးစားပြီး အဆိပ်သင့်ကာ
မသာ ဖြစ်သွားခဲ့တဲ့ ဗမာစစ်သားတွေကလည်း ရှိတယ်နော်။

KIA စစ်သားတွေရဲ့ KRL လက်နက်ထိမှန်လို့ မသာ ဖြစ်သွားတဲ့
ဗမာစစ်သားတွေကလည်း ရှိသေးတယ်။

ဗမာ့ လေတပ်ကနေ မှားပစ်လို့ မသာ ဖြစ်သွားတဲ့ ဗမာစစ်သားတွေကိုလည်း တွေ့ခဲ့ရတယ်။

KIA ကို သွားမတိုက်ချင်လို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားပြီး မသာ
ဖြစ်သွားတဲ့ ဗမာစစ်သားတွေလည်း
ရှိသေးတယ်။

လက်နက်ကြီး ထိမှန်လို့ ယမ်းဂိုဒေါင်ပေါက်ကွဲပြီး အုပ်စုလိုက် မြေလျှိုးကာ
မသာ ဖြစ်သွားခဲ့တဲ့ ဗမာစစ်သားတွေကိုလည်း သနားမိတယ်။

ရှေ့ တန်းကနေ ဒဏ်ရာရလာပြီး ဆေးရုံတွေမှာ မသာ ဖြစ်သွားတဲ့
ဗမာစစ်သားတွေကတော့ မိသားစုတွေကိုယ်တိုင် မြင်တွေ့ လိုက်ရသေးတယ်။

နောက်ဆုံးတော့ မသာ ဖြစ်ဖို့ ဆက်လက်ချီတက်လာနေသော ဗမာစစ်သားများ အတွက်တော့
မတွေးဝံ့စရာ
အခြေအနေတွေမှာ ရှိနေတယ်နော်.......
....By/ peter moe