Wednesday, December 12, 2012

မမ အကြောင်းတစေ့တစောင်း ရေးပေးလိုက်တယ်။

မမ ရဲ့ ပုံစံက မြင်မြင်ချင်းချစ်စရာကောင်းတယ်။ ဒါပေမယ့် ၀ တယ်။ ဘာကြောင့်လဲဆိုရင် မြန်မာအစိုးရက လူပါးဝ လို့ပြောတာပါ။ သံဃာတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေ၊ မီးခိုးဗုံးတွေနဲ့ နှိမ်နင်းတာတွေဟာ လူပါးဝ တဲ့လုပ်ရပ်တွေဘဲ။ ဒါနဲ့ စကားမစပ် ပြောရဦးမယ်။ မမ ဆီမှာ "တောင်း" တွေ အများကြီးရှိတယ်။ ပုံစံလည်းအမျိုးမျိုးဘဲ။ ခက်တာက ခြင်းတောင်း မဟုတ်ဘူး။ သူတောင်းစားတွေကိုပြောတာ။ ဘာကြောင့်လဲ သိလား။ မြန်မာနိုင်ငံမှာ စစ်တပ်ကနေ ခြေပြတ်လက်ပြတ်ဖြစ်ပြီး လိုက်တောင်းစားနေတဲ့သူတောင်းစားတွရှိတယ်။ နောက် အောက်ပြည်အောက်သား သူတောင်းစားတွေရှိတယ်။ အနူ သူတောင်းစားတွေလည်းရှိတယ်။ အလုပ်မလုပ်ချင်လို့ သံဃာယောင်ဆောင် လိုက်တောင်းစားနေတဲ့ သူတောင်းစားတွေရှိတယ်။ မျက်မမြင် လိုက်တောင်းစားတာ ကတော့ ခြွင်းချက်ပေါ့လေ။ ဒါပေမယ့် အခက်ဆုံးကတော့ မြန်မာအစိုးရ ၀န်ထမ်းတွေက ပြည်သူတွေဆီကနေ နည်းအမျိုးမျိုးနဲ့ တောင်းစားနေတာကိုတော့ အစိုးရသူတောင်းစားလို့ပြောရမယ်။ ဘာကြောင့်လဲဆိုရင် ဥပမာ တစ်ခုအနေနဲ့ပြောရရင် တရားသူကြီးက တရားခံတွေဆီကနေ ပိုက်ဆံတွေ သိန်းဆယ်ချီ၊ အချို့ ဆိုရင် သိန်းရာ၊ထောင်ချီ တောင်းခံရယူနေတာတွေကိုပြောတာပါ။ ဒါက ဥပမာ တစ်ခုဘဲရှိသေးတယ်။ ကျန်တဲ့ အစိုးရဌာနအားလုံးဟာ ဒီနည်းအတိုင်းလုပ်နေကြတာ။ ဒါကို ဘုမသိဘမသိ မြန်မာဆိုပြီး ဂုဏ်ယူဝင့်ကြွားချင်တဲ့ သူတွေကလည်းရှိသေးတယ်။ မမ ကတော့ ရှက်လိုက်တာ။ နောက်မှ မမ အကြောင်းပြန်ပြောပြမယ်နော်... Merry X'mas ပါနော်