Sunday, December 9, 2012

မမအကြောင်းတစေ့တစောင်း

ဒီတစ်ခါတော့ မမအကြောင်းတစေ့တစောင်း ရေးပေးလိုက်တယ်။ မမ က မိဘမဲ့ဆိုတာကို ပြောပြခဲ့ပြီးပြီ။ ခုတော့ မမ ရဲ့ ၀ါသနာအကြောင်းလေးပြောပြချင်တယ်။ မမ က သတ်တာ၊ ဖြတ်တာ၊ တိုက်တာ၊ ခိုက်တာတွေကို အလွန်ခုံမင်တာလေ။ ဒါကြော်င့် နှစ်ပေါင်းခြောက်ဆယ်ကျော် ပြည်တွင်းစစ်ကို တိုက်ပြီး လူတွေကို သတ်ခဲ့တာ မနည်းတော့ဘူး။ ပြီးတော့ မမရဲ့ အကြိုက်ဆုံးအရောင်က အဖြူရောင်လေ။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ ဘိန်းဖြူတွေ အများကြီး ရောင်းဝယ်ဖောက်ကားနေတယ်လေ။ အာဖဂန်နောက်မှာ တို့ မမ က မားမားမတ်မတ်ရပ်နေတယ်လေ။ နောက်ပြီး မမ က အစားကြီးတယ်ကွဲ့။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံရဲ့ လာတ်စားတဲ့အခြေအနေက နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် မတွေးဝဲ့စရာပါဘဲ။ စတုတ္ထ ရတယ်ဆိုဘဲ။ နောက်ကနေ စပြီးရေတွက်လိုက်ရင်ပေါ့။ ပြီးတော့ မမ က ဖဲလိမ်ရိုက်တာတာ့အရမ်းကျွမ်းတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတော် ဘဏ္ဍာရေးကိစ္စတွေမှာ အစိုးရ ဒေါ်လာ လဲလှယ်နှုန်းက ၆ ကျပ်၊ အပြင်ပေါက်ဈေးက ၈၀၀ ကျော်၊ အဲဒါကို နှစ်ပေါက်တစ်ပေါက် ရိုက်ပြီး စာရင်းလိမ်သွင်းလိုက်တော့ ပြည်သူတွေယုံသွားတော့တာပေါ့။ By:peter moe