Friday, December 21, 2012

ကချင်ပြည်နယ်က စစ်ပွဲတွေ အရှိန် အဟုန်မြှင့် လာလို့ ဘယ်သူက စပြီး တိုက်နေတာလည်း

 Comment kaw myen ni a myit masa hpe hti yu ga,Galoi mung an hte gaw asum nmai jaw na re.Myen gumshem mazut myit rawng ai ni gaw an hte hpe galoi mung gyam sat nga na sha re.
An hte mung ten tup maja ra ai,galoi mung nmai kam ai lam, online na comment shagu hta myen a myit masa hpe mu lu ai hku re.
By Burma Thwe Facebook
ကချင်ပြည်နယ်က စစ်ပွဲတွေ အရှိန် အဟုန်မြှင့် လာလို့ ဘယ်သူက စပြီး တိုက်နေတာလည်း ဆိုတာ ကချင်ပြည်နယ်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ သူငယ်ချင်းတွေနဲ့ အဲဒီဒေသခံ တွေကို ကျနော် မေးကြည့် မိတယ် ။

ဘယ်သူက စပြီး တိုက်တာလည်း မေးရင် စစ်တပ်က စပြီး တိုက်တာပါလို့ ပြောကြတဲ့ လူက များတယ် ။ ဟုတ်ပါတယ်.... ကျနော် မှတ်မိတာက KIA နဲ့ စစ်အစိုးရ ဘက်က ထိပ်တန်းခေါင်းဆောင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အချိန်မှာ အစိုးရက KIA ကိုလျှပ်တပျက် ထိုးစစ်ဆင်တယ် ။

ဘာကြောင့် အခုလို လုပ်တာလည်း မေးတဲ့ အခါ အစိုးရဘက်က အရာရှိတွေက သူတို့ အပစ်အခတ် ရပ်စဲရေး အမိန့် ကို
ရှေ့တန်းက စစ်သားတွေဆီကို အချိန်မှီ ရောက်အောင် မပို့ နိုင်လို့ အခုလို ဖြစ်ရတာပါ ဆိုပြီး ပြောတယ် ။

အဲဒီ ဆွေးနွေးပွဲကို SKY NET မှာ ပြသထားလို့ ကြည့် ရှုတဲ့ လူအများ မှတ်မိကြမှာပါ ။

ဒီလောက် နည်းပညာတွေ ခတ်မှီ ဖွံ့ ဖြိုး တိုးတက်နေတဲ့ အချိန်မှာ ဒီအကြောင်းပြချက်က လုံးဝကို လက်ခံချင်စရာ မကောင်း
ဘူးဆိုတာ အားလုံး သိမှာပါဗျာ ။

ပြည်တွင်းစစ်ပွဲမှာတောင် လေတပ်အင်အားကို အသုံးချပြီး နှိမ်နှင်းနေတဲ့ အစိုးရဟာ နိုင်ငံတကာ ဥပဒေကို ဗြောင်ကျကျ
ချိုးဖောက်တယ်လို့ ပညာရှင်များက ဝေဖန်ပြလည်း သူတို့ က အရေးမစိုက်ဘဲ ထပ်မံ အင်အား ဖြည့် တင်းပြီး ထိုးစစ်ဆင်
နေတာ ယနေ့ ထိတိုင်ပါဘဲ ။

သီတင်းကျွတ် အချိန်ကာလ ကိုယ့် အိမ်နားမှာ ဗြောက်အိုးကျယ်ကျယ် ဖောက်ရင်တောင် စိတ်ပျက်စရာ ကောင်းတာ အခုလို ကိုယ့် အိမ်အနားမှာ အမြောက်သံတွေ နေ့ စဉ် ကြားနေရသလို အခန့် မသင့် လို့ အမြောက်ဆံ ထိမှန်ရင် အသက်ပျောက်ကြရအုံးမယ့် အနေအထားကို နေ့ စဉ် ခံစားနေရတဲ့ ဒေသခံ ပြည်သူလူထုက ဘ၀များ အတွက် အရမ်း ၀မ်းနည်းမိပါတယ် ။

ကိုယ်အိမ်ရှေ့ လာထိုင်ပြီး အလကား ထိုင်ဆဲနေရင် အိမ်ထဲကနေ သီးခံပေးဖို့ ဖြစ်ချင်ဖြစ်နိုင်ပါလိမ့်မယ် ၊ ကိုယ့်အိမ်ထဲကို ဒါးဆွဲဝင်လာပြီး
လိုက်ခုတ်နေရင်တော့ အသက်အန္တာရယ် အတွက် ခုခံကာကွယ်ရပါလိမ့်မယ် ။ ဒီလိုမှ မလုပ်ရင်လည်း ကိုယ့် အသက် အလကားနေရင်း
ဆုံးရှုံးသွားရမှာပေါ့ ။

ယနေ့ ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ပွဲတွေကို လူသားဆန်ဆန် သဘာဝကို အခြေခံပြီး တွေးကြည့်ရင်တောင် စစ်တပ်က အကြီးအကျယ် မှားယွင်းနေလို့ မှားတဲ့ လူက အမှန်ပြင်တဲ့ အနေဖြင့် စစ်ပွဲတွေကို အမှန်တကယ် ရပ်တန့် ထားကာ ဆွေးနွေးအဖြေရှာသင့်ပါတယ် ။
ဆွေးနွေး အဖြေရှာတဲ့ အခါမှာလည်း အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားတဲ့ ခေါင်းဆောင်မျိုးကို အစိုးရက ရွေးချယ်စေလွှတ်သင့် ပါတယ် ။

သူတို့ ဖန်တီးတဲ့ တိုက်ပွဲမှန်သမျှ တိုင်းပြည်ကာကွယ်ဖို့ ပါဆိုတဲ့ အတွေး ခေါင်းထဲရိုက်ထည့် ခံထားရတဲ့ လူတွေကို ခေါင်းဆောင်ထားပြီး
ဆွေးနွေးရင်တော့ ဘယ်တော့ မှ ငြိမ်းချမ်းရေး ရမှာ မဟုတ်ပါဘူး ။
104Like · ·
  • Thet Win ဘယ်သူ မှ လက်ခုပ်တီး - သြဘာပေး -၀မ်းသာသူ မရှိတာ သေချာတယ် -- ၂၁၁၂ ကတမီူး..
  • Myat Khaung Linn ဘယ်သူက စပီးတိုက်လဲ ဆိုတော့ စစ်တပ်က စတိုက်တယ်တဲ့လား..ရှေ့တန်းက ပြန်လာတဲ့ စစ်ဗိုလ်တယောက်ပြောတာတော့ တမျိုးပါလား...စစ်တပ်က ဘာလို့ အကျအဆုံးများနေလဲ..စစ်တပ်က လာတိုက်ပါတယ်လို့ သတင်းတွေ ဘယ်သူက ဖြန့်လဲ၊ ကာမိုင်းကိစ္စကျတော့ ငြိမ်နေပါလား.....ဘယ်သူကပဲ စတိုက်တိုက်...ဘာတိုက်ပွဲကိုမှ မလိုလားပါ...KIA ကိုလဲ မေးချင်ပါရဲ့...တိုက်ရင်လဲ နိုင်အောင်တိုက်ပီး ကချင်နိုင်ငံပဲလုပ်လိုက်ပါတော့လို့......တကယ်ခံစားနေရတာ မင်းတို့မျိုးနွယ်တွေပါလို့.......စစ်တပ်ကိုလဲ အားမရတော့ဘူး...ခံစစ်လုပ်မနေနဲ့..အပြုတ်ပဲတိုက်လိုက်ပါတော့လို့ပဲ ပြောလိုက်ချင်တော့တယ်...တကယ်သေနေတာ လူတွေပါ..တကယ် ဒုက္ခရောက်နေတာ လူတွေပါ...
  • Hla Moe မေးကြည့်တဲလူက ဘယ်နှစ်ဦးလောက်လဲ
    ကိုယ်လိုချင်တဲ့အဖြေ ပေးမဲ့သူတွေချည်းလား
    အကောင်းဆုံးကတော့ ဒီလို post တင်မယ်ဆိုရင် ကိုယ်တိုင် ကချင်ပြည်နယ်ထဲ
    တစ်လလောက်နေပြီးမှ ရေးသင့်တယ်
    ဒီလိုသတင်းမျိုးနောက်မှာ မထင်မှတ်တဲ့
    ပြသနာတွေအများကြီးပါလာတတ်တယ်
  • ပန်း ခရေ ဦး Burma Thwe ဘယ်သူကစပီးတိုက်လဲ ဘယ်သူဆိုးနေတာလဲဆိုတာ သိချင်ရင်
    ဒီကချင်ပြည်နယ်ကိုလာပါ လမ်းစရိတ်ကုန်မာစိုးရင် ပို့ရမဲ့ မှတ်ပုံတင်လေးပေးပါ
    ကျွန်မဘဏ်ကပို့ လိုက်ပါ့မယ်ရှင် ဘယ်သူဆိုးတယ် ကောင်းတယ်မပြောချင်ဘူး
    ကွန်မရေးရင် ဘက်လိုက်တယ် စစ်တပ်နဲ့ ဘာတော်လဲဆိုပီး လူတွေဝိုင်းပြောမာစိုးလို့ 
    စစ်သားကိုလည်းမမေးနဲ့  ၊ကချင်ကိုလည်းမမေးနဲ့  ဘက်လိုက်ပီးဖြေတယ်လို့ ပြောမာစိုးလို့ 
    ပြည်သူကိုမေး မေးစရာလူမရှိရင် ဈေးထဲသွားပီး တန်းစီရောင်းနေတဲ့ ဈေးသည်လေးတွေကိုမေးပါရှင်
    တစ်ကယ်တန်းခံနေရတာက ပြည်သူ ၊သေနေတာက စစ်သား ။
    အားလုံးပဲ မျက်လုံးမပိတ်ထားပါနဲ့ မျက်စိစုံမှိတ်ပီးလည်းမငြင်းပါနဲ့  ကိုယ်ပိုင်ဦးနှောက်လေးနဲ့ သုံးသပ်ပါရှင်
  • Liar Rohengya မင်းကဘယ်ဖက်ကမှလိုက်မပြောဘူးကြားနေဆိုတာတော့မယုံဘူး။စစ်သားတွေတင်တဲ့ပို့ စ်တွေမှာစစ်သားဖက်လိုက်ပြောနေတာတော့ခဏခဏတွေ့တယ်။ခိခိ
  • ပန်း ခရေ ပာုတ်လား ကျွန်မ ဖေ့ဘုတ်စ်သုံးတာ သတင်းတွေလိုက်ဖတ်ဖို့ လေ
    ကိုယ့်မြိုနဲ့ ဆိုင်တဲ့ သတင်းမာဖြစ်နေတာတွေ မြင်ရင်တော့ ဝင်ရေးရမာပဲ ဒီဘက်မာက
    ပညာရေးအားမနည်းပေမယ့် ကွန်နက်ရှင်အခြေအနေလည်းပါသလို
    အွန်လိုင်းသုံးတတ်တဲ့သူကလည်း ဂျီတော့လောက်တက်နေတာ ဘယ်သူမ၀င်ပြောတာမပာုတ်ဘူး
    မနေနိုင်တဲ့ ကျွန်မကတော့ ဝင်ပြောရမာပဲ မပာုတ်တာကို လုပ်ဇာတ်ဆင်ပီး ပြောတာမပာုတ်ဘူး
    တစ်ကယ့်အဖြစ်အပျက်ကို ၀င်ရေးတာ အေအိုင်အေကို မုန်းလို့ ဝင်ပြောနေတာမပာုတ်ဘူး
    ပြည်သူကို သေနတ်ပြပီး ငွေတောင်းနေတဲ့သူက အေအိုင်အေ မပာုတ်ပဲ အစိုးရဆိုလည်း
    တစ်ခြားသူတွေသိအောင် ဒီဘက်ကအခြေနေကို ချပြရမာပဲ စစ်တွေမာနေတဲ့ ရိုပာင်ဂျာ မင်းကတော့ ဘယ်သိမလဲ
    မင်းတို့ ရိုပာင်ဂျာဘယ်လောက်ဆိုးလဲဆိုတာ စစ်တွေမာနေတဲ့  ပြည်သူက ပိုသိသလို
    ဒီကအေအိုင်အေတွေ ကောင်းလား မကောင်းလား ကချင်ပြည်နယ်မာနေတဲ့ ကျွန်မက ပိုသိတယ်
  • Ma Sanda ဘယ်သူ့ဘက်ကစပြီးတိုက်တယ်ဆိုတာကိုတော့မသိပါဘူး..တကယ်မှန်တဲ့သတင်းသိချင်ရင်ကိုယ်တိုင်ကချင်ပြည်နယ်ကိုသွားလေ့လာပါလို့ပဲအကြံပြုချင်ပါတယ်။ဖတ်ရတဲ့သတင်းတွေအတွက်စိတ်ပူလို့အိမ်ကိုလှမ်းမေးကြည့်တယ်..ဗန်းမော်မှာဘာသေနပ်သံတချက်မှမကြားရပါဘူးတဲ့..နောက်တခုမကြာသေးခင်ကပဲအိမ်ပြန်တော့သိခဲ့ရတာကစစ်ပြေးဒုက္ခသည်တွေဟာနိုင်ငံတကာထောက်ပံ့မှုတွေနဲ့ချမ်းသာနေကြပြီးမြို့ထဲမှာရွေတောင်ဝယ်နိုင်တယ်..စစ်ကြီးပြီးသွားမှာတောင်စိုးရိမ်နေကြတယ်ဆိုတာသိခဲ့ရတယ်။နောက်တခုကကချင်တွေနဲ့ဘာလို့ငြိမ်းချမ်းရေးမရသလဲ..ကချင်တွေဘာကိုတောင်းဆိုသလဲ..ကချင်တွေဟာသူတို့သီးခြားအုပ်ချုပ်ဖို့တောင်းဆိုနေတယ်..ဗန်းမော်မြို့ကိုပါသူတို့အုပ်ချုပ်ဖို့တောင်းဆိုတယ်လို့သိရတယ်..လက်ရှိအခြေအနေမှာဗန်းမော်မြို့မှာအကောင်းဆုံးကားစီးနိုင်တဲ့သူဟာကချင်ဆိုတာလူတိုင်းသိပါတယ်..အဲဒီလူတွေရဲ့ဆွေမျိုးတွေဟာတောထဲကသူတွေပါ.ကျမနိုင်ငံရေးကိုနားမလည်ပါဘူး..ဘယ်သူ့ဘက်မှလဲမလိုက်ပါဘူး..ကျမဟာဖတ်နေရတဲ့သတင်းတွေနဲ့တကယ်တန်းဖြစ်နေတာတွေမတူလို့ခုလိုဝင်ရေးတာပါ။ကျမစာထဲမှာအမှားပါရင်သီးခံပါရှင်။
  • Takada Bobo နှစ်ဖက်စလုံး လက်နက်ရှိတယ်..နှစ်ဖက်စလုံးသေကြမှာပဲ...သေကြ..လုံးဝ..အဓိပ္ပါယ်မရှိတဲ့တိုက်ပွဲတွေပဲ....
  • Lilyarian Ko Wunt Thu ဒီအဖြစ်ပျက်မှာ ဘယ်သူ့ကိုမှ အပြစ်တင်မနေပါနဲ့။သယံဇာတ ကြွယ်ဝစွာရှိနေတဲ့ တိုင်းပြည်မှာ မောင်ပိုင်စီးခွင့် အတွက် တိုက်ပွဲတွေ ဖြစ်နေကျပါ။အရင်အစိုးရလက်ထက်တုန်းက လက်ဝါးခြင်းရိုက်ပြီး နှစ်ဘက်လုံးစားလာခဲ့တယ်။အခုအစိုးရက အားလုံးပါဝင်တဲ့ ထင်သာမြင်သာရှိတဲ့ နိုင်ငံဖြစ်အောင် ပြောင်းဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အခွင့်ရေးဆုံးသွားမှာကြောက်တဲ့ KIAခေါင်းဆောင်တွေကြောင့် ဒိစစ်ပွဲဟာ ဆက်ရှိနေရတာပါ။စစ်တပ်က အခုဆို ဒီကောငိတွေကို တိုက်ကစ်ချင်နေပေမယ့် အစိုးရရဲ့ ဂုဏ်သိက္ခာကို ထောက်ထားနေလို့ပါ။မဟုတ်ရင် ဒီသေနာတွေ စကားတောင် ကျယ်အောင်ပြောနိုင်မှာမဟုတ်တော့ဘူး
  • Win Kyaing ကချင်ပြည်နယ်ကောင်းစားရေးအမည်ခံ KIA သည်ဒေသခံယောက်ျားမိန်းမအတင်းတပ်ထဲသွင်းအနိုင်ကျင့်နေတာတွေနှိက်စက်တာတွေအများကြီးပါ၊အစိုးရတပ်တွေကလည်းထို့နည်းတူစွပါပဲတကယ်တော့စစ်ပွဲရဲ့အနိဌာရုံဆိုးကျိုးတွေကိုဒေသခံပြည်သူနဲ့နစ်ဘက်စလုံးကအောက်ခြေစစ်သားတွေပါ၊ငြိမ်းချမ်းရေးလုပ်မယ်အော်ပြီးတွေ့ဆုံညှိနိုင်းမယ်ဆိုတဲ့နိုင်ငံရေးယဉ်ကျေးမှုကိုလုံးဝနားမလည်ကျတဲ့အာဏာကိုဖက်တွယ်ထားတဲ့နှစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေမှာပဲမူတည်တယ်
  • Win Kyaing ကချင်ပဲဖြစ်ဖြစ်၊ရှမ်ုပဲဖြစ်ဖြစ်၊ဗမာပဲဖြစ်ဖြစ်ဘယ်သူပဲခံရခံရတို့ညီအကိုတွေပဲခံနေရတာ၊စည်းစိမ်ယစ်မူးပြီးအခွင့်ထူးခံကောင်းစားနေတာတွေကလက်တစုပ်စာလူတစုဆိုတာကိုမြင်တတ်၊ကြည့်တတ်၊ခွဲခြားတတ်ဖို့ပဲ
  • Burma Thwe မှန်ပါတယ်.. အဲဒီကို သွားပြီး သတင်းရေးမယ်ဆိုရင် ပိုပြီး ပြည့် စုံလာမှာပါ။ ကျနော်မေးတဲ့ လူတွေတော်တော်များများက အဲဒီဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ကုမ္ပဏီဝန်ထမ်းတွေပါ ။ အစိုးရ နှင့် စစ်တပ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ စစ်အစိုးရဘက်က သူတို့က စတိုက်ပါတယ်လို့ တရားဝင် ပြောကြားခဲ့ တဲ့ ဆွေးနွေးပွဲ ရုပ်သံဖိုင်လေးကို ပြန်လည် ကြည့် ရှုစေချင်ပါတယ် ။ SKY NET က ထုတ်လွှင့် ပြသဖူးလို့ သူတို့ ဆီမှာ အဲဒီ ရုပ်သံဖိုင် ရှိနေအုံးမှာပါ ။ ကျနော်က စစ်တပ်က မသေပါဘူး ၊ KIA က လူတွေချည်းဘဲ ခံရတယ်လို့ လည်း မရေးထားပါဘူး ။ စစ်ပွဲကြောင့် ဒုက္ခရောက်တာ ဒေသခံ ပြည်သူတွေပါလို့ ရေးထားတာပါဘဲ ။ ဘာကြောင့် ကိုယ်လိုတဲ့ အချက်ကို ဆွဲတွေးပြီး အတင်းအငြင်းပွားချင်ကြတာလည်း ။
  • Htin Lin Soe ဒီလိုအချိန်မှာ ဘာသဘောနဲ့ ဒီလိုစာမျိုးတင်တာလဲဆိုတာတော့ ပို့ စ်ပိုင်ရှင်အသိဆုံးပဲနေမှာ ခက်တယ်ဗျာ ရှယ်ထားတဲ့သူတွေကိုကြည့်လိုက် ဘယ်သူတွေအားပေးပြီးဘယ်လိုပြောနေသလဲဆိုတာ
  • Hla Nwe Khine ဗမာ့သွေး ဆိုတဲ့သူတင်တာတွေ တော်တော်များများ ဖတ်ဖူးပါတယ် ကျမ အခုတော့ ရှင် က ငကြောင်ပဲ ကိုယ့်ကိုယ်ကို သူတော်ကောင်ယောင်ဆောင်နေတဲ့ အတ္တပေါ လို့ ပဲ ဝေဖန်ချင်ပါတယ်။ ကေအိုင်အေအကြောင်းရှင်ဘယ်လောက်သိလို့ လဲ လို့ အရင်မေးချင်တယ်။ ကေအိုင်အေကလူ ကိုလှမ်းမေးရင်ဆော့ စစ်တပ်ကတိုက်တယ်လို့ ပဲပြောမှာပေါ့ ရှင်ရူးနေလား လက်ဆွေ့ မှာ ဘယ်သူတွေ အသေခံနေရလဲ။ နင်မေကလွှား တိုင်းရင်းသား တော်လှန်ရေးက တင့်ကားတွေ ရာနဲ့ ချီ ဝယ်ထားနိုင်တာ သူပုန် အဆင့်မဟုတ်တော့ဘူး တရုတ်ကျုးကျောစ်ဖြစ်နေပီ
  • Hla Moe ဘယ်လိုဘဲဖြစ်ဖြစ် အခုလိုအချိန်မှာ
    စစ်တ်ကဘဲ စပစ်ပစ် ကချင်က စပစ်ပစ်
    ဘယ်သူကစပစ်တယ်ဆိုတဲ့
    အရေးအသားကို ရှောင်စေချင်တယ်
    တဖက်နဲ့တဖက် အငြိုးအတေး
    ပိုပြီးကြီးမားလာမယ်
    ငြိမ်းချမ်းရေးအတွက် အများကြီး
    အနှောက်အယှက်ဖြစ်စေတယ်ဆိုတာ
    သိသိနဲ့ ရေးတာဆိုရင်တော့ ဒီပို့စ် ရေးသူဟာ
    ပြသနာတခုဖန်တီးပြီး နာမည်ကြီးအောင်လုပ်နေသူဘဲ
    ထမင်းရေပူလာ လျာလွှဲ
    ပြည်သူတွေခံစားနေရတာကို
    သိစေချင်လို့ရေးတာဆိုရင်
    ဒီအကြောင်းကိုဘဲ သေသေချာချာ
    highlight လုပ်ရေးရမဲ့ အစား
    ပြည်သူအတွက်ကနည်းနည်း
    စစ်တပ်နဲ့အစိုးရကို ပြည်သူက
    အထင်လွဲမှားအောင် စစ်တပ်စပစ်ပါတယ်
    ဆိုတဲ့ သတင်းကို ပြောတာဟာ ရည်ရွယ်ချက်ကိုမြင်နိုင်ပါတယ်
  • Hla Moe ပြောစရာကျန်သွားလို့
    Burma thwe စစ်ကြောင့် ဒေသခံတွေ
    ခံစားနေရတာသိစေချင်လို့ဆိုတဲ့
    ဖြေရှင်းချက်နဲ့ စေတနာ မှန် မမှန်
    သိရအောင် Post ကိုပြန်ဖတ်ကြည့်ပါ
    ၁၀ ပိုဒ် မှာ ပြည်သူအတွေက် တစ် ပိုဒ်
    ပါပြီး ကျန်တဲ့ ၉ ပိုဒ်က စစ်တပ်နဲ့
    အစိုးရ ပေါ်ထားတဲ့ သူ့ရဲ့သဘောထားပါ
  • Liar Rohengya ငါ့ကိုရိုဟင်ဂျာဆိုပါလား။ကိုယ့်နယ်မြေမှာကိုယ့်လူမျိုးကိုအုပ်ချုပ်စေချင်တာမတရားဘူးလား။အဖေရင်းကသားသမီးတွေကိုရိုက်တာပဲခံချင်တယ်၊ပထွေးလာရိုက်တာတော့ဘယ်သားသမီးမှခံချင်မှာမဟုတ်ဘူး၊တိုင်းရင်းသားတွေလဲဒီသဘောအတိုင်ပဲ။
  • Hlwan Moe ဘာမှလျှောက်ပြောမနေနဲ့ ။ အစိုးရက သူတို့ မှန်တယ်ဆိုရင် ဘာလို့ တိုက်ပွဲ သတင်းတွေ၊ နောက်ဆွေးနွေးတဲ့အကြောင်းတွေကို သတင်းအမှောင်ချထားလဲသိချင်တယ်။ အခုထက်ထိကို ပွင့်လင်းမှုမရှိတာ။ ကေအိုအေက တိုက်တယ်ပဲထားဦး သူတို့ က မီဒီယာတွေကိုတော့ ပွင့်ပွင့်လင်းလင်းပြောတယ်ခင်ဗျ။ စစ်တပ်က ကိုရွှေတို့ ...ခင်ဗျားတို့ တပ်မှာ ဗမာမျိုးဟေ့ဒိုဗမာဆိုတဲ့ စိတ်ဓါတ်ရှိနေသရွေ့ ဘယ်တော့မှ ငြိမ်းချမ်းရေး မရဘူး။ သေတဲ့အထိမှတ်ထား။ ကျုပ်လဲ ဗမာပါပဲ။ ကိုဗမာသွေး အားတော့ နာသားဗျာ။
  • Sumhka Sengpan ပန်းခရေ မင်းနေတဲ့ကချင်နယ်ဟာ ဘယ်နယ်ဆိုဒါ သိချင်ပါရ!ဲ့KIA တောင်အဲလောက် သွားလာလှုပ်ရှားနိုင်တဲ့နေရာ ဟာ ဘယ်နေရာ ဆိုဒါ သိချင်ပါရဲ့။ငွေလွဲပေးစရာမလိုဘူး လိပ်စာပေးရင်အရောက်လာဘာ့မယ။်KIA နဲ့ဗမာစစ်သါး အကြောင်းမရှင်းမရှင်းရေးထားဒါ သိချင်လို။့
  • Doi Ja ပန်းခရေ ရေမင်းအကြောင်းစုံမသိဘူးဆိုရင် အိမ်မှာစောင်ခြုံပြီးအိပ်နေပါ
  • Hla Moe Burma Thwe
    ကိုယ်မွှေးတဲ့မီးက
    ဘယ်လောက် တောက်လောင်လည်း
    ဆိုတာ comments တွေကြည့်လို့
    သဘောပေါက်ခဲ့မယ်ဆိုရင်
    ဒီလို ပို့စ် မျိုးထပ်မတင်စေချင်တော့ပါ
    ဒါပေမဲ့ ဒါကိုဘဲကျေနပ်ပျော်ရွှင်နေမယ်ဆိုရင်
    တော့ မပြောလိုပါ
  • Hlwan Moe ကိုရီးယာဓါတ်ပုံ အတုနဲ့ မိန်းကလေး ကျုပ် ဘဏ် POSB ကိုပို့ ပေးပါလား ၂၄ နာရီ လှမ်းပို့ ရတယ်၊ ပြဿာနာမရှိဘူး။
  • Pho Par ....တပ်မတော်ကတော့.....မလိမ်တပတ်.....လုပ်တဲ့နေ၇ာမှာ......ကျော်ဆန်းတောင်......အဖေခေါ်လောက်တယ်.....
  • Pho Par ...အော်အပေါ်မှာ.....ဆ၇ာကြီးတွေပါလား.....
  • Aung San Linn အရမ်းခက်ခဲတဲ့ မာနယ်ပလောကိုရအောင်တိုက်ခဲ့တာ လိုင်ဇာကိုလည်းရအောင်တိုက်
  • Burma Thwe ကိုယ့်ကို ဝေဖန် ပြစ်တင်သူတွေ များနေပါလား ။ ဘယ်သူတွေများလည်းလို့ သူတို့ ဝေါသွားကြည့်လိုက်မှဘဲ
    သေချာသွားတော့တယ် ။
    ကျနော်ကို ပြစ်တင်စကားတွေ ပြောဆိုဖို့ အတွက်တော့ အကောင့် အသစ်တွေ ဖွင့် မနေကြပါနဲ့ဗျာ ။
  • Htike Suu kIA နဲ့ စစ်အစိုးရ ဆိုတာ စီးပွားလုဖက်တွေ
  • Phyo Paing Soe နယ်ခြားစောင့်တပ် လုပ်ခိုင်းရာမှာ KIA ကသဘောမတူရာကနေ တင်းမာမှုတွေစဖြစ်လာပါတယ်။တရုပ်စီမံကိန်းဖြစ်တဲ့ တာပိန်ရေအားလျပ်စစ်စီမံကိန်း အတွက်အစိုးရတပ်တွေ နယ်မြေရှင်းလင်းရေးပြုလုပ် ရာ အနီးတဝိုက်မှာရှိတဲ့ KIA စခန်း တွေနဲ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။အစိုးစစ်တပ်ကထိုးစစ်ဆငတယ်ဆို တာကောလဟလပါ။အောက် ပိုင်းက တပ်မအားလုံးနီးပါး ကချင်ပြည်နယ် ထဲကို တပ်ရွှေ့ပြောင်းရေးလုပ်တာပါ ။သမ္မတကြီးအမိန့်ကိုနာခံတဲ့အနေနဲ့ ထိုးစစ်ရပ်ပြီး ကြိုပြီး ခုခံတဲ့အနေနဲ့ လက်နက်ကြီး နဲ့ပဲ လှမ်းပစ်ပါတယ် ။လေယာဉ်နဲ့ ဗုံးသွားကြဲပါတယ်။မယုံရင်ကိုယ်တိုင်လာကြည့်လို့ရပါတယ်။လမ်းစရိတ်တော့မပို့ပေးနိုင်တာတော့ခွင့်လွတ်ပါ။စစ်ပွဲတွေကြောင့်အလုပ်အကိုင်မကောင်းလို့ပါ။သိသလောက်ပြောပြတာပါ။ဈေးသည်တော့မဟုတ်ပါဘူး။ကချင်ပြည်နယ်မှာနေပါတယ်
  • Cho Tu Zal ရှယ်တယ်ညီရေ...
  • Phyo Paing Soe hla nwe khin,kachin ပြည်နယ်ကNGO အဖွဲ့တွေကဆရာဝန်သူငယ်ချင်းတွေကို မေးကြည့်ပါ။ လမ်းမှာ KIA စစ်သားတွေကဘယ်လို ဆက်ဆံလဲ။အစိုးရစစ်သားတွေက ဘယ်လိုဆက်ဆံလဲလို့။ဆရာဝန်မ တစ်ယောက်အနေနဲ့ ဒီလောက်ဆဲတတ်လိမ့်မယ်ထင်မထားဘူး။တင့်ကားတွေလည်း KIA မှာရှိတယ်လို့မကြားမိပါဘူး။
  • Mai Sky နိုင်ငံရေးအကြောင်းမသိဘဲနဲ့- မတောက်တခေါက်အသိလောက်နဲ့ အကြံပြုတာ၊ POST လုပ်တာ ရှက်စရာကောင်းပါတယ်။ နိုင်ငံရေးပြသနာကြောင့် နိုင်ငံေ၇းနည်းနဲ့ မဖြေရှင်းမချင်းတော့ ပြသနာက အေးမှာမဟုတ်ဘူး။ ဦးသိန်းစိန်အစိုးရက ဘာဖြစ်လို့ အဲဒါကို တင်းခံနေတာလဲ။ မေးခွန်ထုတ်ရမယ်။ နိုင်ငံရေးစကားဝိုင်းဆွေးနွေးဖို့----
  • Hla Moe Burma Thwe
    တိုင်းပြည်ကောင်းစားဖို့အတွက်
    ကိုယ်စွမ်းရှိသည်ထက် ပိုက်ျုးစားမယ်
    ဆိုတဲ့ ရည်ရွယ်ချက် ကိုလေးစားပါတယ်
    ကိုယ်ကိုတိုင် အဲဒီလောက်မလုပ်နိုင်သေးလို့
    ...See More
  • ပန်း ခရေ မ Sumhka Sengpan ရေ ကျွန်မ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မာ နေပါတယ်ရှင်
    လိပ်စာတော့ မပေးဘူး ကေအိုင်အေကြားမာနေရတော့ လာသတ်ထားမာစိုးလို့ 
    အစ်မရဲ့ဖုန်းနံပါတ်လေး ပေးလိုက် သိချင်တာရှိရင် ကျွန်မအားလုံးဖြေပေးပါ့မယ်
    ပြောမဲ့သာပြောရတာပါ ဒီလိုသတင်းလောက်ကိုမပြောနဲ့ 
    ...See More
  • Ko Myo သတင်းအမှန်ကိုတင်ပေးပါ