Thursday, December 6, 2012

ကချင်က သာမန်လူမျိုးစုလေးမဟုတ်ဘူး။ ကချင်က ကျွန်တော်တို့ ခေတ်သစ်နိုင်ငံကြီးကို ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ၊ ဦးနုတို့နဲ့ အားလုံးပေါင်းပြီးတော့ နိုင်ငံကို အတူတူထောင်မယ် ဆိုပြီးတော့ ထောင်ခဲ့တာ

တကဲ့အဖြစ်မှန်လေးဖတ်ကြည့်စေချင်တယ်မိတ်ဆွေတို့။By:FB
MAWKUN: ကချင်ပြည်နယ်မှာ စစ်ပွဲတွေက အခုထိဖြစ်နေတုန်း။ KIA နဲ့ မြန်မာအစိုးရနဲ့ အခုထိ ငြိမ်းချမ်းရေးမရနိုင်သေးတဲ့ နောက်ကွယ်မှာ ဘယ်လိုအချက်တွေရှိမလဲဗျ။


Dr. Zarni: ဗမာအစိုးရက ငြိမ်းချမ်းရေးယူချင်တာမှ မဟုတ်ဘဲနဲ့။ ကချင်က သာမန်လူမျိုးစုလေးမဟုတ်ဘူး။ ကချင်က ကျွန်တော်တို့ ခေတ်သစ်နိုင်ငံကြီးကို ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်းတို
့၊ ဦးနုတို့နဲ့ အားလုံးပေါင်းပြီးတော့ နိုင်ငံကို အတူတူထောင်မယ် ဆိုပြီးတော့ ထောင်ခဲ့တာ။ နောက်တစ်ခု သမိုင်းအရကြည့်မယ်ဆိုလို့ရှိရင် သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းကိုယ်တိုင် ပြောသွားတာရှိတယ်။ ကချင်ပြည်နယ်ဟာ ဘယ်တုန်းကမှ မြေပြန့်က ဗမာတွေရဲ့ လက်အောက်မှာ မရှိခဲ့ဘူး။ ကချင်တွေက ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်လို့၊ လေးစားလို့ (လွတ်လပ်ရေး) အတူတူတောင်းမယ်ဆိုပြီး တော့ တောင်းခဲ့တာ။

အဲလိုလူမျိုးစု၊ အဖွဲ့အစည်းတစ်ခုကို ဗမာစစ်တပ်မှာရှိတဲ့ ခေါင်းဆောင်တွေက တမင် နှစ်ပေါက်၊ တစ်ပေါက်ရိုက်ပြီးတော့ ကျုံးသွင်းတာ။ ပြီးတော့ ကချင်အထဲမှာ အကျင့်စာရိတ္တမခိုင်တဲ့၊ လောဘကြီးတဲ့သူတွေကို မွေးထားပြီးတော့ ကချင်တွေကို စီးပွားရေးအရ ကျုံးသွင်းဖို့လုပ်တာ။ Border Guard Force ပေါ့နော်။ အဲဒါကို ဟိုဘက်က လက်မခံလို့ ဒီလိုဖြစ်တာ။ အားလုံးထဲမှာ ကိုယ့်နိုင်ငံက ခွဲထွက်မယ့် ဘယ်လူမျိုးစုမှမရှိဘူး။

သူတို့(အစိုးရ)က တမင် အသာစီးယူပြီးတော့ သူတို့ လုပ်ချင်တာလုပ်လို့ရတဲ့ဟာမျိုးကို ငြိမ်းချမ်းရေးလို့ခေါ်တယ်။ သူတို့လုပ်ချင်တာလုပ်လို့မရတဲ့အနေအထားမျိုးမှာ သူတို့က စစ်ကို ပေပြီးတော့ တိုက်တယ်။ ကချင်ကို တိုက်နေတာက ပြည်ထောင်စုရဲ့ သစ္စာကို လုံးဝစော်ကားတာလို့ ကျွန်တော်က မြင်တယ်။