Friday, December 21, 2012

ဘုန်းကြီးသောဒီဇင်ဘာ

Myitrum manang ni, “Hpung rawng ai December” ngu ai M Ga shagawp shagun dat ai yaw. M ni maroi nni masin nsi nna , majoi she bai yan kaput lung wa nga ma ai da. M hpyenla ni matsan mayan kade hkrit , kade n kam ai mi lung ma ai pyi n chye. Manmaw lam de na hpring hpring Modo 40 , MKA lam de na Modo 1 laknak kaba 1 hpyenla hpring Modo 15 lung wa sai nga ma ai. Shara shagu majan gasat nga tim , Awng Padang shiga hkrai re lam na lu ai. Chyeju shakawn ga yaw.
JIC+++++
ဘုန်းကြီးသောဒီဇင်ဘာ

ဒီဇင်ဘာခရစ္စမတ်ချိန်ခါ
KIA ကိုအပြတ်ချေ မုန်းမှာ၊
ခရစ္စမတ်ရက်မတိုင်မီ
စီမံကိန်းကိုချကြသည်။
ဒို့ရဲ့အထွတ်အမြတ် ဒီဇင်ဘာ
ဘယ်ကရန်သူဘဲလာလာ၊
ထိခိုက်လို့မရဘူး။
ဘယ်သောခါမှ မရှုံးစဖူး။
ဒီဇင်ဘာကို ဖျက်ချင်သူ
ကျိန်ခြင်းအမင်္ဂလာရှိသောလူ
မြတ်သောကယ်တင်ရှင်ကြွလာ၊
တန်ခိုးကြီးတဲ့ ဒီဇင်ဘာ။
မင်းအောင်လှိုင်ရယ်-မမိုက်နဲ့
သိန်းစိန်ရပ်ဆိုရပ်ပေါ့ကွဲ့
မဟုတ်ရင် မင်းမှားလိမ့်မယ်
ဇွတ်အတင်းမလုပ်နဲ့လေ။
နွေဆိုနွေ - မိုးဆိုမိုးတဲ့
ခုတော့ဆောင်းအခါပေမဲ့
ကချင်တပြည်လုံးသိမ်းမတဲ့။
မဖြစ်နိုင်တာ မမှန်းနဲ့။
တိုက်ပွဲတိုင်းမှာ အောင်ပွဲခံ
ဒီဇင်ဘာမှာအသာစံ
အစိုးရလွှတ်တဲ့ ရဲဘော်များ
သနားဖွယ်အလောင်းဖြစ်လို့သွား။
ဒီအချိန် သမယ
ဘုရားကျောင်းမှာ ၀တ်ပြုကြ
အစိုးရအမြောက်တရစပ်
မရပ်မနားသူပစ်ခပ်။
ဒို့မှာကယ်တင်ရှင်ကိုယုံ
အမြောက်လောက်က လုံးဝမဖြုံ
ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲကွယ်…..
ခရစ္စမတ်ပွဲတော်ကျင်းပမယ်။
(မနောမြေ - စိန်)
(၂၁၊၁၂၊၂၀၁၂၊ နံက် ၁း၀၀)