Wednesday, December 19, 2012

မမ အကြောင်းတစေ့တစောင်း

ခုတလော မမ စာတွေ မရေးဖြစ်တာ ခွင့်လွှတ်ပါနော်။ မမ က ဆောင်းတွင်းရောက်လာပြီဆိုရင် အရမ်းချမ်းတာ.... ခိုက်ခိုက်တုန်နေတာဘဲ။ ဒါကြောင့် အချမ်းသက်သာအောင်လို့ ငရဲပြည်သွားပြီး မီးလုံရအောင်လို့ နေရာထိုင်ခင်းလေးတွေ သွားစီစဉ်နေရလို့ အလုပ်ရှုပ်နေတာပေါ့။ ဘာကြေင့်လဲဆိုရင် ရဟန်းသံဃာတွေ၊ တရာဟောဆရာတွေ၊အပြစ်မဲ့ ကချင်ပြည်သူတွေကို ဖမ်းဆီး၊နှိပ်စက်၊မုဒိန်းကျင့်၊သတ်ဖြတ်နေတဲ့ ဗမာစစ်သားတွေရဲ့ဝိဥာဉ်တွေအတွက် သွားစီစဉ်နေရလို့ပါ။ ငရဲမင်းကတော့ အဲဒီလို ဗမာစစ်သားတွေအတွက် ငရဲပြည်မှာ အထူးစီမံကိန်းနေရာတွေကို အခမဲ့ပေးနေတယ်။ နောက်ပြီး မြစ်ကြီးနားက "ရာဒါကောင်း" သင်္ချိုင်းမှာတော့ ညအချိန်ကျမှ ဗမာစစ်သားအလောင်းတွေကို (မပခ) က တာဝန်သိသိနဲ့ ခိုးကြောင်ခိုးဝှက် သွားမြှုပ်ပေးနေကြတယ်။ အဲဒီကိုလည်း အလည်သွားနေရတော့ မမ က စာတွေမရေးဖြစ်သွားတာပါ။ နောက်တစ်ခါ ထူးခြားလာရင် စာပြန်ရေးလာမယ်နော်။ Merry Christmas!!!!!!