Wednesday, December 5, 2012

တပ်မှူးတပ်သားပြော စကားလေးတွေ(7)

တပ်မှူးတပ်သားပြော စကားလေးတွေကို ရေးပေးလိုက်တယ်။

တပ်မှူး။    ။ ဟေ့ကောင်.. ၀ူးဝါး မင်း ဗမာ့တပ်မတော်ရဲ့ "စွန့်ဝံ့သူသာ
အောင်ကြောင်းဖြာ"ဆိုတဲ့ ဆောင်ပုဒ်ဖြစ်
ပေါ်လာရတဲ့အကြောင်း ငါ့ကိုပြောပြစမ်း။
တပ်သား။    ။ ဒါက ဒီလိုပါ.... ဗိုလ်မှူး.. ငါတို့ တိုင်းပြည်မှာရှိတဲ့
သဘာဝသယံဇာတတွေကို စွန့်စွန့်စားစား ရဲရဲဝံ့ဝံ့ဘဲ တရုတ်တွေဆီကို
ပေးလိုက်ရင် ငါတို့်တပ်မတော် သက်ဆိုးရှည်ဖို့အတွက်
အောင်ကြောင်းတွေဖြာနေမယ်ဆိုတာကိ
ု ပြောတာပါ။

တပ်သားဝူးဝါး။    ။ ဗိုလ်မှူး... ဒါနဲ့ သွေးပြောတာကိုယုံ ဘေးပြောတာကို
မယုံနဲ့ ဆိုတာက ဘာကို ဆိုလိုတာလဲ
တပ်မှူ ၀ါးဝူး။    ။ အဲဒါက ငါတို့ စစ်တပ်က ပြည်သူတွေ၊ ဘုန်းကြီးတွေကို
သွေးထွက်သံယိုများများလုပ်ပေးရမယ့် လုပ်ရပ်တွေအားလုံးကို ယုံကြည်စွာ
လုပ်ရမယ်။ ဘေးကနေ အမှန်တရားတွေ၊ ဒီမိုကရေစီတွေအကြောင်းဘယ်လောက်ပြောပြော
မယုံနဲ့လို့ ပြောချင်တာကွ။ မသေမချင်းမှတ်ထား.....ဟုတ်ပြီလား....