Saturday, December 1, 2012

မမရဲ့ မတူတဲ့ အကြောင်းလေးကို ရေးပေးလိုက်တယ်။(19)


မိတ်ဆွေ...
သင်မြင်ယောင်ကြည့်ထားတဲ့ မြန်မာနိုင်ငံ၊ အတိုကောက်အားဖြင့်.. "မမ" ဆိုတဲ့
မိန်းကလေးဟာ ၁၉၈၈ ခုနှစ်ကစပြီးရောဂါဝေဒနာပေါင်းစံ
ုကို ခံစားလာခဲ့ရတာပါ။
အဲဒီ မမ ဟာ တရုတ်ကြီးနဲ့ ပေါင်းပြီး အနာရောဂါတွေကို မကုဘဲ
ထင်ရာစိုင်းပြီးနေလာခဲ့တာ အနှစ် နှစ်ဆယ်ကျော်လာခဲ့ပါပြီ။
လွန်ခဲ့သောနှစ်များအတွင်း မြောက်ကိုရီးယားလူဆိုးကြီးဆီကနေ မဟုတ်က ဟုတ်က
လက်နက်တွေကို တိတ်တခိုးနဲ့ အများမမြင်အောင် ယူလာပြီးကတည်းက
သူ့နှလုံးရောဂါဟာ ပိုလို့ဆိုးဝါးလာပြီး နောက်ဆက်တွဲအနေနဲ့ သူ့ခေါင်းက
အနာတွေဟာ ၂၀၁၁ ခုနှစ် ဂျွန်လမှာ သွေးထွက်များလာတဲ့
ကင်ဆာရောဂါအဖြစ်ပြောင်းလဲသွားပါတော့တယ်။
အခုတော့လည်း အမေရိကန်ဆိုတဲ့လူစွာ၊လူကြီးကျယ်ကောင်ကို ခေါ်လာပြီး
သူ့အနာတွေကို ကုပေးဖို့ အကူအညီတွေတောင်းနေရှာတယ်။
အဲဒီ မမ ဟာ အခုတော့ ဒယီးဒယိုင်နဲ့ လျှောက်လှမ်းနေရပါတယ်။ မိတ်ဆွေ အနေနဲ့
အမြန်ဆုံး အဲဒီ မမ ဆီကို သွားပြီး အကူအညီလေး ပေးဖို့ မစဉ်းစားမိဘူးလား။
ကျွန်တော်ကတော့ အဲဒီ မမ ရဲ့ အနာရောဂါတွေ
ကိုဖော်ပြပေးပြီးကူညီပေးလိုက်တယ်နော်....
By:peter moe