Thursday, September 6, 2012

FB kaw na comment

စစ်ဖြစ်ခြင်းရဲ့ နောက်ဆက်တွဲအဖြေများ
အခုတလော ကချင်လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာ အစိုးရ တပ်ကြား စစ်ပွဲသတင်းတွေ ဖတ်ပြီး Facebook ပေါ်က ကောမ်မန့်တွေကို ဖတ်ရင်း အတွေး တခု ရလာပါတယ်။
မြန်မာ စစ်တပ် အတိုင်းအ၀ိုင်းကတော့ သူပုန်မို့လို့ တိုက်တယ် ပေါ့၊ ကချင်လူမျိုးတွေကို တိုက်တာ မဟုတ်ဘူး၊ ဘာညာ ဆိုပြီး ပြောနေတာတွေ့ရပါတယ်။

အလားတူပဲ ကချင်လူမျိုးလို့ ထင်ရတဲ့ လူငယ်တော်တော် များများကလဲ မကျေမနပ်နဲ့ တုန့်ပြန်တာတွေ
ဆဲတာတွေ တွေ့လာရပါတယ်။

ဒီနေရာမှာ……

မြန်မာ အစိုးရ က၊ ဥပဒေအရ လုပ်တယ်ပဲ ဆိုဆို၊ အစိုးရ စစ်တပ်မို့လို့ လုပ်ရမယ့်တာဝန်ရှိုလို့ပဲ ပြောပြော ကချင်တွေရဲ့ အမြင်မှာတော့ မြန်မာ စစ်တပ်ဟာ ကချင်တော်လှန်ရေး စစ်တပ်ကို တိုက်နေတဲ့ ရန်သူ စစ်တပ်ပါပဲ၊ အစိုးရအဖြစ် တရားဝင်တဲ့ စစ်လို့ မမြင်ပါဘူး။

ဒီလိုပဲ မြန်မာ လူမျိုးတစ်ယောက်အနေနဲ့ မြန်မာ အစိုးရ စစ်တပ် အနေနဲ့ အခုလို ကချင်တော်လှန်ရေး စစ်တပ်ကို တိုက်ထုတ်နေတာ လုပ်သင့်လုပ်ထိုက်တဲ့ ကာကွယ်ရေး အလုပ်လို့ မြင်ပါလိမ့်မယ်။ မြန်မာလူမျိုးတွေရဲ့ ဘာသာ၊ သာသနာ ကို ကာကွယ်တယ် လို့တောင် ထင်ပါအုံးမယ်။

ဒီနေရာ ငြင်းလို့မရတဲ့ အချက်တခုရှိတယ်…
မြန်မာ စစ်တပ်ထိရင် မြန်မာ လူမျိုးတိုင်းနာသလို၊ ကချင်တော်လှန်ရေး စစ်တပ်ထိရင် ကချင်လူမျိုးတိုင်းနာရတယ် ဆိုတာပါ။

အစိုးရ စစ်တပ်ပဲ ပြောပြော၊ မြန်မာ စစ်တပ်ပဲ ဆိုဆို၊ ဗမာ စစ်တပ်ပဲ ပြောပြော၊ မဒိမ်းတပ်သားပဲခေါ်ခေါ်၊ မြန်မာ စစ်တပ်အထိနာရင် စိတ်ဆိုးမာန်ဆိုးနဲ့ တုန့်ပြန်တတ်တဲ့လူမျိုးတွေကတော့ ဗမာ တွေပဲ ဆိုတာ ငြင်းလို့ မရသလို……

ကချင် သူပုန်ပဲ ခေါ်ခေါ်၊ သူမြခေါ်ခေါ်၊ ကချင် သောင်းကျန်းသူပဲ ခေါ်ခေါ်၊ ကချင် တော်လှန်ရေးလို့ပဲ ပြောပြော KIA စစ်သားတွေ အထိနာရင် ခံရခက်တဲ့ လူမျိုးတွေကတော့ ကချင်လူမျိုးတိုင်းပဲ ဖြစ်ပါတယ်။ အဆုံးစွန်ပြောရမယ် ဆိုရင် မြန်မာ အစိုးရ စစ်တပ်ထဲက ဗိုလ်ကတော် ဖြစ်နေတဲ့ ကချင်အမျိုးသမီး တစ်ယောက်တောင် KIA စစ်သားတွေ အထိနာမှာ မလိုလားပါဘူး။

ဒီတော့ စစ်ပွဲဖြစ်လိုက်တိုင်း လူမျိုးရေးအရ အမြင်မကြည်မှု စိတ်သဘောထား ပိုပိုအရှိန်မြင့် လာဖို့ပဲ ရှိပါတယ်။ ဘယ်သူပဲနိုင်နိုင်၊ ဘယ်သူပဲ ရှုံးရှုံး၊ တဖက်ကနိုင်ရင်၊ တဖက်က ရှုံးမယ်။ တဖက်လူ ၀မ်းသာရင်၊ တဖက်လူမျိုးတွေ ရင်နာမယ်။ ဒီလူမျိုးနှစ်မျိုးက တနေရာ မဟုတ် တနေရာ တော့ ထိတွေ့ ဆက်ဆံနေရမှာပဲ… ရေရှည်မှာ ဘာအကျိုးပေးမလဲ….
KIA ကို ကချင်မြေကနေ တိုက်ထုတ်လို့မရသလို၊ အစိုးရ စစ်တပ်ကြီးကိုလဲ ကချင်ပြည်နယ်က တိုက်ထုတ်ဖို့ မလွယ်မှန်း ကချင်လူမျိုးတိုင်း သဘောပေါက်ပါတယ်။

ဒီတော့..
ဘယ်နှစ်၊ ဘယ်အခါထိ ဆက်တိုက်နေမှာလဲ………

လူမျိုးတိုင်းမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးရှိတယ် ဆိုတာ ကမ္ဘာ့ နိုင်ငံတိုင်း အသိအမှန်ပြုနေတဲ့ အချိန်ကာလကြီးထဲမှာ၊ မြန်မာ ပြည်တခုထဲ လောကပါလ တရားနဲ့ ဆန့်ကျင်ပြီး နေလို့ရပါ့မလား ဆိုတာ စဉ်းစားချိန်တော့ တန်ပါပြီ။

ကမ္ဘာကြီးနဲ့ အဆက်အသွယ်ယူပြီး လောကပါလ တရားနဲ့ အညီ၊ တရားမျှတမှုကို အခြေခံတဲ့ လူအဖွဲ့အစည်းထူထောင်ပြီး ငြိမ်းချမ်းပျော်ရွှင်မှုဘ၀ မျိုးကို ယူမလား…..

ကမ္ဘာလောက လုံးက ရွံရှာတဲ့ လူမျိုးနှိပ်ကွပ်မှု ပုံစံယူပြီး အထီးကျန်နေမလား… ဆိုတာတော့ အခုချိန်မစဉ်းစားရင် နောင် နှစ်ထောင်ချီသွားရပါလိမ့်မယ်……..

ပါလက်စတိုင်းလ် လူမျိုး နဲ့ အီစရေး လူမျိုးတွေ အချင်းအချင်း တိုက်နေခိုက်နေတာ နှစ်ပေါင်း လေးထောင် မကတော့ပါ... ဘယ်လူမျိုးမှ ပျောက်မသွားသလို... ဘယ်လူမျိုးဖက်ကမှ အနိုင်မတိုက်နိုင်ပါ... နှစ်ဖက်အထိနာပြီး အကြောက်တရားနဲ့ အသက်ရှင်တာကလွှဲလို့ ဘာမှ ဖြစ်မလာပါ။အခုတလော ကချင်လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာ အစိုးရ တပ်ကြား စစ်ပွဲသတင်းတွေ ဖတ်ပြီး Facebook ပေါ်က ကောမ်မန့်တွေကို ဖတ်ရင်း အတွေး တခု ရလာပါတယ်။
မြန်မာ စစ်တပ် အတိုင်းအ၀ိုင်းကတော့ သူပုန်မို့လို့ တိုက်တယ် ပေါ့၊ ကချင်လူမျိုးတွေကို တိုက်တာ မဟုတ်ဘူး၊ ဘာညာ ဆိုပြီး ပြောနေတာတွေ့ရပါတယ်။

အလားတူပဲ ကချင်လူမျိုးလို့ ထင်ရတဲ့ လူငယ်တော်တော် များများကလဲ မကျေမနပ်နဲ့ တုန့်ပြန်တာတွေ ဆဲတာတွေ တွေ့လာရပါတယ်။

ပါလက်စတိုင်းလ် လူမျိုး နဲ့ အီစရေး လူမျိုးတွေ အချင်းအချင်း တိုက်နေခိုက်နေတာ နှစ်ပေါင်း လေးထောင် မကတော့ပါ... ဘယ်လူမျိုးမှ ပျောက်မသွားသလို... ဘယ်လူမျိုးဖက်ကမှ အနိုင်မတိုက်နိုင်ပါ... နှစ်ဖက်အထိနာပြီး အကြောက်တရားနဲ့ အသက်ရှင်တာကလွှဲလို့ ဘာမှ ဖြစ်မလာပါ။
By:https://www.facebook.com/photo.php?fbid=134511680027438&set=a.117363825075557.33099.100004058210309&type=1&theater(minmin oo)