Sunday, September 23, 2012

စစ်တပ်ရဲ့ မဖွယ်မရာ လုပ်ရပ် သမ္မတဆီ တိုင်စာပို့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့က ရွာသား ၄ ယောက်ကို ဝိုင်းမော်အခြေစိုက် အစိုးရစစ်တပ်က ဖမ်းဆီး ရိုက်နှက်ပြီး ယောက်ျား အချင်းချင်း လိင် ဆက်ဆံ ခိုင်းတာ အပါအဝင် နှိပ်စက်မှု အမျိုးမျိုး ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိသားစုဝင်တွေက သမ္မတ ဦးသိန်းစိန် ဆီ တိုင်စာ ပေးပို့ တိုင်ကြား ထားပါတယ်။
မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့က ဒေသခံ ၄ ယောက်ကို ကေအိုင်အေနဲ့ ဆက်စပ်မှုရှိ ကြောင်း မသင်္ကာမှုနဲ့ ဝိုင်းမော်မြို့နယ် တာလော့ကြီး အခြေစိုက် ခြေလျင် တပ်ရင်း ခလရ ၃၇ တပ်ဖွဲ့နဲ့ စစ်ဖက်နဲ့ အရပ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စရဖ) အဖွဲ့ တို့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးပြီးနောက် စစ်ကြောရေး စခန်းမှာ နှိပ်စက်မှု အမျိုးမျိုး ပြုလုပ်တဲ့ အပြင် ယောက်ျားတွေအချင်းချင်း လိင်ဆက်ဆံခိုင်းတာ၊ ငြင်းဆန်သူကို ယောက်ျား လိင် အင်္ဂါကို မီးမြိုက်တာတွေလုပ်ခဲ့တယ်လို့ အဖမ်းခံရွာသားတွေရဲ့ မိသားစု တွေက ဆိုပါတယ်။
ဒီလို နှိပ်စက်ညှင်းပန်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သမ္မတ ဦးသိန်းစိန် အပါအဝင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံ တမန် မစ္စတာ ကင်တားနား၊ ကချင်ပြည်နယ် နဲ့ ရန်ကုန်က ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရုံး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ စတဲ့ အဖွဲ့အစည်းတွေထံ တိုင်ကြားစာ ပေးပို့ထားတယ်လို့ အဖမ်းဆီးခံ ရွာသား တွေဘက်က ရှေ့နေလိုက်ပေးတဲ့ ဦးမာခါးက ဘီဘီစီကို ပြောပါတယ်။
BBC:
http://www.bbc.co.uk/burmese/burma/2012/09/120922_kachin_torture.shtml